ညောင်တုန်း မတ် ၂၂
ဧရာဝတီတိုင်းဒသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ပြည်သူများ မုန်တိုင်းအန္တရာယ် ကြိုတင်သတိပြုကာကွယ်နိုင်စေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းနှင့် မုန်တိုင်းဘေး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ရပ်ကွက်များ၊ သင်္ဘောဆိပ်၊ ဇက်ဆိပ်၊ ကူးတို့ဆိပ်များ၊ ကားဂိတ်နှင့် လူစည်ကားရာများသို့ အသိပညာပေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်ခြေရှိသည့် မုန်တိုင်းလမ်းကြောင်းများ၊ မုန်တိုင်းဝင်ရောက်ပါက ပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် အချက်များကို သိရှိနိုင် စေရေးအတွက် အသိပညာပေးလှည့်လည် နှိုးဆော်ခဲ့ပြီး မုန်တိုင်းဘေးပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)