ချောင်းသာ မတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်နှင့် ပတ်သက်သည့် မုန်တိုင်းသတိပေးချက်များအား ယမန်နေ့နံနက်ပိုင်းက အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပေးနှိုးဆော်ခြင်းများအား မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ရပ်ကွက်နှင့် ကျေးရွာတွင်းနေထိုင်သူပြည်သူများအနေဖြင့် သတိပြု နေထိုင်ကြရန်နှင့် ပင်လယ်ပြင်သို့ထွက်ခွာမှုမပြုရန်၊ မုန်တိုင်းသတိပေးနှိုးဆော်အဖွဲ့မှ ထူးခြားမှု ရှိတိုင်း သတိပေးနှိုးဆော်မှုအား အလေးထား လိုက်နာနေထိုင်ကြရန် စသည့် သတိပေးနှိုးဆော်မှုများအား ကျေးရွာများအတွင်း လှည့်လည်အသိပေးခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)