ညောင်တုန်းမြို့နယ်တွင် မုန်တိုင်းအန္တရာယ် ဖြစ်ပွားလာပါက လျင်မြန်စွာ တုံ့ပြန်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်

ညောင်တုန်း မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မုန်တိုင်း အန္တရာယ် ဖြစ်ပွားလာပါက လျင်မြန်စွာ တုံ့ပြန်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မီးသတ်တပ်ဖွဲ့ဝင်များဖြင့် အသင့်စုဖွဲ့ခြင်း လုပ်ငန်းများနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းထားရှိမှု လုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ထားရှိရာသို့ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုဦး မှ မုန်တိုင်းဘေးကျရောက်ပါက အချိန်မီရှာဖွေကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းများအား ဆောင်ရွက်နိုင်စေရန်အတွက် တပ်ဖွဲ့ဝင်များအား အသင့်စုဖွဲ့ထားရှိမှု၊ ကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများ ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)