ဟင်္သာတခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများ ကြိုတင်ပြင်လုပ်ငန်းညှိနှိုင်း

ဟင်္သာတ မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ခရိုင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးမှုးရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  ဟင်္သာတခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ဆွေးနွေးတင်ပြကာ  ဟင်္သာတခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးသိန်းဇော်ထိုက်က သဘာဝဘေးဖြစ်ပေါ်လာပါ ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်စုဆောင်းထားရှိမှု များကို ရှင်းလင်းတင်ပြကာ သက်ဆိုင်ရာကော်မတီများမှ မိမိတို့ ကော်မတီများအလိုက် ဆွေးနွေးတင်ပြခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ဟင်္သာတခရိုင်အတွင်း သဘာဝဘေးဖြစ်ပေါ်လာပါက ကူညီ ကယ်ဆယ်ရန်နှင့် ပြန်လည်ထူထောင်ရေးအတွက် ဘဏ္ဍာငွေ ရှာဖွေရေးနှင့် ရန်ပုံငွေ ထိန်းသိမ်းရေး လုပ်ငန်းကော်မတီ၊ စာရင်းဇယားပြုစုရေးဆပ်ကော်မတီ၊ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၊ သတင်းနှင့်ပြန်ကြားရေး လုပ်ငန်းကော်မတီ၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ၊ ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှု အတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မတီ၊ အသက်မွေး ဝမ်းကြောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းကော်မတီ စသာ်တို့ကိုဖွဲ့စည်းခဲ့ပြီး ဟင်္သာတခရိုင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ကိုဇော်-ဟင်္သာတ