ပြည် မတ် ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန် မတ် ၂၁ရက်က စတင်ကာ ခရိုင်နှင့် မြို့နယ်မီးသတ်စခန်းတွင် တပ်ဖွဲ့ဝင်များနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများ အသင့်စုဖွဲ့ထားရှိကြောင်း ပြည်ခရိုင် မီးသတ်ဦးစီးဌာနရုံးမှ သိရသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန သတင်းထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) အရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်း (မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ သစ်ပင်လဲခြင်း)နှင့် အခြားသော သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက် လာပါက အလျင်အမြန် တုန့်ပြန်ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်/ မြို့နယ်မီးသတ် စခန်းတွင် ခရိုင်မီးသတ်ဦးဆောင်သော တပ်ဖွဲ့ဝင်များနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများ အသင့်စုဖွဲ့ထားရှိကြောင်းနှင့် ရပ်ကွက်အလိုက် အရန်မီးသတ် တပ်ဖွဲ့ဝင်များလည်း အသင့်စုဖွဲ့ထားရှိကြောင်း သိရသည်။
ကိုဆက်