ရေး မတ် ၂၁
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်လျက်ရှိသည့် မုန်တိုင်းအန္တရာယ် အသိပေးကြေငြာချက်များကို မြို့နယ်မီးသတ် ဦးစီးဌာနမှ ယနေ့နံနက်ပိုင်း ၈ နာရီက မြို့နယ်ပေါ်ရပ်ကွက်များနှင့် ချောင်းတောင်ကျေးရွားအတွင်း လှည့်လည်အသိပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အသိပေးနှိုးဆော်ရာတွင် မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားရှိရမည့် မိမိတို့ အိမ်ပတ်ဝန်းကျင်တွင် ဘေးအန္တရာယ်ဖြစ်နိုင်ခြေများနှင့် အိမ်ကြံ့ခိုင်မှုကို စစ်ဆေးရန်၊ အိမ်အနီးရှိ ကျိုးကျနိုင်သော သစ်ပင်သစ်ကိုင်းများကို ရှင်းလင်းထားရန်၊ မိသားစုများအရေးပေါ်ပြောင်းရွှေ့နိုင်ရန် နေရာ၊ လမ်းကြောင်းများနှင့် မိသားစုဆုံစပ်ကို ကြိုတင်သတ်မှတ်ထားရန်၊ အရေးပေါ်သုံးပစ္စည်းများနှင့် အသက်ကယ်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားရှိရန်၊ သက်ဆိုင်ရာမှ ထုတ်ပြန်သော မိုးလေဝသသတင်းများကို စဉ်ဆက်မပြတ် နားထောင်ပြီး အကြံ ပြုချက်များကို လိုက်နာကြရန်၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားရမည့် အချက်များ ဖြစ်သည့် တိရစ္ဆာန်များကို မလိုအပ်ဘဲ ချည်နှောင်ခြင်းမပြုလုပ်ရန်၊ လေမုန်တိုင်း အနည်းငယ်အား လျော့နေချိန်တွင် အိမ်ပြင်ထွက်ခြင်းမျိုးမပြုလုပ်ကြရန်၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် လိုက်နာရန်အချက်များဖြစ်သည့် မိသားစုဝင်များပျောက်ဆုံးပါက သက်ဆိုင်ရာသို့ အကြောင်းကြားရန်၊ အန္တရာယ်ရှိသော ဓါတ်တိုင်၊ သစ်ပင်၊ သစ်ကိုများအောက်မှ ရှောင်ရှားနေထိုင်ကြရန်နှင့် သန့်ရှင်းသော သောက်သုံးရေကိုသာ သောက်ကြရန် လှည့်လည်နှိုးဆော်ခဲ့ကြသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးရုံးနှင့် ရန်ကြီးအောင် အရန်မီးသတ်စခန်းများတွင်လည်း မုန်တိုင်းကျရောက် လာပါက လိုအပ်သည့် ရှာဖွေကယ်ဆယ်ရေးပစ္စည်များကိုလည်း အဆင်သင့် ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
ခင်သိမ့်သိမ့်ရည်၊ ပြန်/ဆက်