ရေတာရှည်မြို့နယ်၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားခဲ့ပါက အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ အသင့်စုဖွဲ့ထားရှိ

ရေတာရှည်  မတ်  ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ် ကူညီကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရေတာရှည်မြို့နယ် မီးသတ်ဦးစီးဌာနမှ  ကူညီကယ်ဆယ်ရှာဖွေရေးပစ္စည်းများ အသင့်စုဖွဲ့ထားရှိ၍ ကူညီကယ်ဆယ်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများအား တပ်ဖွဲ့ဝင်များမှ မှာကြားရှင်းလင်းဆောင်ရွက်မှုကို အဆိုပါဦးစီးဌာနဝန်းအတွင်း၌  မတ်လ ၂၁ ရက်နေ့ နေ့လယ်ပိုင်းတွင်  ဆောင်ရွက်ခဲ့သည်။

ထို့သို့ ဆောင်ရွက်ရာတွင်  မြို့နယ်ဦးစီးမှူး ဦးကောင်းထက်နိုင် က သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ လုပ်ဆောင်နိုင်ရန်အတွက် တပ်ဖွဲ့ဝင်များ သိရှိလိုက်နာရမည့်အချက်များ၊ လုပ်ဆောင်ရမည့် အချက်များ၊ ကူညီကယ်ဆယ် ရှာဖွေရေးပစ္စည်းများနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါကူညီကယ်ဆယ်ရှာဖွေရေးပစ္စည်းများ အသင့်စုဖွဲ့ထားရှိမှုအခြေအနေကို မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဥက္ကာသန်း က လာရောက်ကြည့်ရှုခဲ့ပြီး  လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)