ရမ်းဗြဲ မတ် ၂၁
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ဌာနဆိုင်ရာရုံးများ၌ မီးဘေးလုံခြုံမှုရှိစေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရမ်းဗြဲမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ရမ်းဗြဲမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများသို့ သွားရောက်ပြီး စစ်ဆေးခဲ့ကြကြောင်းသိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ ရမ်းဗြဲမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဒု-မီးသတ်ဦးစီးမှူး ဦးဉာဏ်လင်းဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာရုံးများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရုံးဝင်းအအတွင်း မီးလောင်လွယ်သည့် အမှိုက်များစုပုံရှိမနေစေရေး၊ မီးချိတ် မီးကတ်များ သဲပုံး ရေးပုံးများဆောင်ထားမှု ရှိ/မရှိစစ်ဆေးခြင်း၊ မီးသတ်ဆေးဗူးများ စနစ်တကျ ချိတ်ဆွဲထားမှု ရှိ/မရှိ စစ်ဆေးခြင်း၊ မီးလောင်မှုဖြစ်ပွားပါကအလွယ်တကူ မီးငြိမ်းသတ်ရန်အတွက် မီးသတ် ရေကန်များအတွင်း ရေသိုလှောင်ထားရှိမှုများနှင့်အတူ ရုံးဌာနများအတွင်း လျှပ်စစ်မီတာနှင့် လျှပ်စစ်ဝါယာကြိုးများ တပ်ဆင်အသုံး ပြုမှုများနှင့်အတူ ရုံးသုံးကွန်ပျူတာခန်းများအတွင်း လျှပ်စစ်တပ်ဆင် အသုံးပြုမှုများကို စစ်ဆေးပေးခြင်းတို့ကို စစ်ဆေး ဆောင်ရွက်ပေးပြီးနောက် မီးဘေးအန္တရာယ် မကျရောက်စေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရန်/ရှောင်ရန်များကို လိုက်နာဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးဆွေးနွေး ပေးခဲ့ကြကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)