မအူပင် မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ လယ်ကိုင်းကျေးရွာအုပ်စု၊ လယ်ကိုင်းကျေးရွာတွင် လယ်ကိုင်းရဲကင်းစခန်းနှင့် မိသားစုနေအိမ်လိုင်းခန်း ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ဖွင့်လှစ်ခဲ့သည်။
အဆိုပါဖွင့်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်ဇော်ထွန်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့် မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်ဥက္ကဋ္ဌ ဦးဝိုးတိုးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အဆောက်အဦးသစ်နှင့် နေအိမ်လိုင်းခန်းများအား ကြည့်ရှုကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
အောင်ခိုင်၊အောင်မြင့်မြတ်