ညောင်တုန်း မတ် ၂၁
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း မြို့သန့်ရှင်းသာယာလှပရေး၊ ပြည်သူများ အမှိုက်များစည်းကမ်းတကျ စွန့်ပစ်ရေးနှင့် လမ်းဘေးဝဲယာတွင် အမှိုက်များမစွန့်ပစ်ရေးတို့အတွက် ယမန်နေ့နံနက်ပိုင်းက ပုသိမ်-ရန်ကုန်လမ်းမကြီး လမ်းဘေးဝဲယာတစ်လျှောက်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ စုစုပေါင်းလူအင်အား (၁၂၀)ဦးခန့်က လမ်းဘေးဝဲယာရှိ ခြုံနွယ်များရှင်းလင်းခြင်း၊ မြက်များရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်များရှင်းလင်းခြင်းနှင့် အမှိုက်များစည်းကမ်းတကျ စွန့်ပစ်ရေး၊ လမ်းဘေးဝဲယာတွင် အမှိုက်များမစွန့်ပစ်ရေးတို့အတွက် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး