ကွတ်ခိုင်မြို့Community Centre ခန်းမတွင် ဆီးချိုရောဂါအကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk ShoW​ ပြုလုပ်ဆောင်ရွက်

ကွတ်ခိုင် မတ် ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးကု ဌာနတို့ ပူးပေါင်း၍ ဆီးချိုရောဂါဆိုင်ရာ  အသိပညာပေး Talk Show ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန CommunitCentre ခန်းမတွင် ယမန်နေ့နံနက်(၁၁)နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းက အသိပညာပေးTalk Show ပြုလုပ်ရခြင်း ရည်ရွယ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ တာဝန်ခံဆရာမ ဒေါ်သက်စုပိုင်က လူတိုင်းတွင်အဖြစ်များသည့် ဆီးချိုရောဂါနှင့် ပတ်သက်၍သတိပြုရမည့်  အချက်များ၊ဆီးချိုရောဂါရှေးပြေး လက္ခဏာများဖြစ်သည့် ဆီးပမာဏများခြင်း၊ ဆီးအကြိမ်များ စွာသွားခြင်း၊ ရေဓာတ်များခြင်း၊ အစားလွန်စွာစားခြင်း၊ အိပ်ပျော်ခြင်း၊ ယာယံခြင်းစတဲ့ လက္ခဏာများဖြစ်ကြောင်း၊ ဆီးချို ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်များဖြစ်သည့် ကျေညက်လွယ်တဲ့အစာများ စားသုံးခြင်း၊ ဆီး၊ဝမ်း၊ လေမှန်စေသော အစာများ စားသုံးခြင်း၊ ပူ၊ စပ်၊ ခါးအရသာရှိသော အစားအစာများကို စာခြင်း၊ ရှောင်ရန်အချက်များ အေး၊ချို၊ ဆိမ့်အရသာရှိသော အစာများကို စားသုံးခြင်း၊ ချိုသောအသီးအနှံများ၊ ဖျော်ရည်၊ ထန်လျက်၊ သကြားနှင့်ပြုလုပ်သော မုန့်များစားသုံးခြင်း၊ ကစီဓာတ်များသော ထမင်းဂျုံးတို့ကို စားသုံးခြင်းမှ ရှောင်ကျဉ်ရမည်အချက်များနှင့် တိုင်းရင်းဆေးကုဌာနမှပြည်သူများအား ကျန်းမာရေးစောင့်ရှောက် ပေးမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဌေးဌေးဝင်း(ကွတ်ခိုင်)