ကျောက်ကြီး မတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းဒေသ မြို့နယ်စည်ပင်သာရေးအဖွဲ့ပိုင် သရဖီလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ယနေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိသည်။
လုပ်ငန်းများအား မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ဌာနမီနီဘတ်ဂျက် (၇.၄၆၀) ကျပ်သန်းဖြင့် သရဖီလမ်း ပေအရှည် (၃၀၄)ပေ၊ အကျယ် (၁၀)ပေ၊ အမြင့်(၈)လက်မ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ကျောက်ကြီးမြို့နယ် စည်ပင်သာယာအဖွဲ့ပိုင် လမ်း (၁၃)လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းအားလုံး မတ်လကုန်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။
အဆိုပါလုပ်ငန်းများပြီးသွားပါက နတ်သံကွင်းဒေသနေ ဒေသခံပြည်သူများ သွားလာရေး အဆင်ပြေမည်ဖြစ်ပြီး လူနေမှုဘဝမြင့်မားရန် နိုင်ငံတော်အစိုးရမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စီမံဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်လျက်ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)