ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ငါန်းဇွန် မတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ် ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ် ဆေးထိုးကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အမအသုတ် ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးရာ ယမန် နေ့နံနက် ၉ နာရီအချိန်မှစ၍ မြို့မဇုံမှ (၂၀၀)ဦး၊ မြို့သာဇုံမှ (၇၈)ဦး၊ ငါန်းမြာဇုံမှ (၅၄၄)ဦး၊ ခြင်္သေ့လက်ဇုံမှ (၄၄)ဦး၊ သားကျင်ဇုံမှ (၁၅)ဦး၊ ဂျိုဇုံမှ (၁၁၅)ဦး၊ သံဘိုဇုံမှ(၄၁)ဦး၊ ရေလည်သောင်ဇုံမှ(၆၆)ဦးနှင့် ကုလားရွာဇုံမှ(၆၀)ဦး ဇုံ (၉)ဇုံမှ စုစုပေါင်း (၁၁၆၃)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ မတ် ၄ ရက်နေ့မှ ၁၉ ရက်နေ့အထိ မြို့နယ်အတွင်း ဇုံ (၉)ဇုံမှ အမအသုတ် ပထမအကြိမ် (၂၁၃၈၈)ဦး ထိုးနှံပြီးကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီထံမှ သိရသည်။                                   

သက်နောင်ဦး