ကျောက်မဲမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကျောက်မဲ မတ် ၂၀

ရှမ်းပြည်နယ်‌ (မြောက်ပိုင်း) ကျောက်မဲမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က ကျောက်မဲမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းနွယ်က "အားကစားနှင့်လူငယ်စိတ်ဓါတ် ကောင်းမွန်ရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်နှင်းရည်က "အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် တိုင်းချစ်ပြည်ချစ်စိတ်ဖြစ်‌ပေါ်ရေး" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်ပညာ ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက"စိတ်ဓာတ်‌ကောင်းမွန်ရေးနှင့်  စည်းကမ်းလိုက်နာရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးဟောပြော ပေးခဲ့ကြ သည်။

အဆိုပါ ဟောပြောပွဲသို့ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမပေါင်း ၂၀၀ ဦးခန့် တက်ရောက် ခဲ့ကြပြီး ယင်းကျောင်းသား၊ ကျောင်းသူများအား ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ (၇၇) နှစ်မြောက်၊ တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို  အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

မိုင်းထွန်း (ပြန်/ဆက်)