အုတ်တွင်း မတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ဆင်းရွှေကြာ-၂ မျိုး ဆီထွက်သီးနှံ နေကြာ ဧကပေါင်း၂၁၂ ဒဿမ ၅ဧက စိုက်ပျိုးထားရှိပြီး အောင်မြင်ဖြစ်ထွန်းကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်အတွင်း နေကြာစိုက်ပျိုးနိုင်သော မြေအမျိုးအစားအားလုံးတွင် တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ရေးအစီအစဉ်အရ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာစိုက်ပျိုးမည့် တောင်သူများထံသို့ ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့ ၄၀၀ ပြည်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် ဆင်းရွှေကြာ-၂ နေကြာသီးညှပ် စိုက်ပျိုးခြင်းကို ၂၀၂၁-၂၀၂၂ ခုနှစ်တွင် နေကြာသီးညှပ်စိုက်ဧက ၂၁၂ ဒဿမ ၅ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် ၂၀၂၂-၂၀၂၃ ခုနှစ် အတွင်းလာမည့် ဆောင်းသီနှံတွင် နေကြာသီးညှပ် စိုက်ဧက ၃၂၂၂ ဧကနှင့် နေကြာသီးသန့် ဧက ၃၅ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)