ကာလိမြို့တွင် ပညာသင်ကြားနေသည့် ကျောင်းသား/သူများအား လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

ကာလိ  မတ်  ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့တွင် ပညာသင်ကြားနေသည့် ကျောင်းသား/သူများအား ယမန်နေ့မွန်းလွဲပိုင်း ()နာရီခွဲအချိန်ခန့် က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့က ပူးပေါင်းကာ ကျေားသား/သူ လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်နှင့် အသိပညာဗဟုသုတတိုးပွားလာသည့် အကျိုးကျေးဇူးများအား သိရှိလာစေရန်  ရည်ရွယ်၍ ..က(ကာလိ)ကျောင်းခန်းမ၌ လူငယ်ရေးရာအသိပညာပေး  ဟောပြောပွဲဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် ရှေ့ဦးစွာ ကာလိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးဝင်း က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းသား/သူများ သိသင့်သိထိုက်သော လူငယ်ဆိုင်ရာအသိပညာများကို ဟောပြောပေးခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းဆေး က ကျောင်းသား/သူများအတွက် သိသင့်သိထိုက်သော လူငယ်များ၏ရည်မှန်းချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါကြိုးစားကြ၊ လူငယ်နဲ့စာရိတ္တ ခေါင်းစဉ်များဖြင့် ဟောပြောပေးပြီး ဟောပြောပွဲတွင် တက်ရောက်လာကြသည့် ဆရာ/ဆရာမများလည်း လူငယ်နဲ့ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နဲ့ကျန်းမာရေး အစရှိသည့် လူငယ်ဆိုင်အသိပညာပေး အကြောင်းအရာများကို ဟောပြောပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ကာလိမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသား/သူများ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းကျော်(ကာလိ)