မောင်တော မတ် ၁၉
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့၏ ကနဦး လိုအပ်ချက် ဆန်းစစ် လေ့လာမှု အစီရင်ခံစာ (Preliminary Needs Assessment-PN) တွင် ပါဝင်သော အကြံပြုချက်များ နှင့်အညီ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာ သူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် အကောင်အထည် ဖော်ရေးအတွက် အာဆီယံနှင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ဝန်ကြီးဌာနများအကြား နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ၏ ပထမအဆင့် ဦးစားပေးစီမံကိန်း(၇)ခုအား အကောင်အထည်ဖော် ဆောင်လျက်ရှိရာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း၌ မေယု FM ရေဒီယို အစီအစဉ်များကို ဖမ်းယူနားဆင်မှုနှင့် ပတ်သက်၍ ပရိသတ်၏ သဘောထား အမြင်များအား စစ်တမ်းကောက်ယူခြင်းကို ယနေ့နံနက်(၈) နာရီအချိန်မှစတင်၍ မောင်တောမြို့၊ မောင်နီ ရပ်ကွက်အတွင်း မြေပြင်ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါ မေယု FM ရေဒီယို နားထောင်မှုဆိုင်ရာ စစ်တမ်းကောက်ယူရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ဦးစီးအရာရှိ(တာဝန်ပေး) ဦးဦးစိုးလွင်က မေယု FM ရေဒီယို နားထောင်မှုဆိုင်ရာ စစ် တမ်းကောက်ယူခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး၊ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန မောင် တောခရိုင်ရုံးမှ ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ မေယုFM ရေဒီယို နားထောင်မှုဆိုင်ရာ စစ်တမ်းများကောက်ယူခဲ့ပြီး၊ စစ်တမ်းဖြည့်သွင်းသူများထံ လက်ဆောင်ပစ္စည်းများပေး အပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မေယုFM ရေဒီယိုနားထောင်မှုဆိုင်ရာ ပရိသတ်များ စစ်တမ်းများ ကောက်ယူရာတွင် မောင်တောမြို့၊ မောင်နီရပ်ကွက် အတွင်းရှိ ပြည်သူ(၄၀၀)ဦးတို့က စစ်တမ်းဖြည့်သွင်းခဲ့ကြပြီး မောင်နီ ရပ်ကွက်နေသူ ဦးအဒူရာမန်က မေယု FM ရေဒီယို နားဆင်ရခြင်းနှင့်ပတ်သက်၍ အသံကြည်လင် ပြတ်သားမှုရှိပြီး ပြည်တွင်းသတင်းများ၊ နိုင်ငံတကာသတင်းများ၊ နေရပ် စွန့်ခွာသူများ အား ပြန်လည် လက်ခံရေးဆောင်ရွက်နေမှုသည့် သတင်းများကို ကြိုက်နှစ်သက်ပြီး လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါအကြောင်း သိကြောင်းစရာများ၊ သတင်းများ၊ ကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေ အနေများအား၊ ကျန်းမာရေး သတင်းများ၊ ထုတ်လွှင့်နေမှုများသည် သတင်းများနှင့် သီချင်းများ ကြားညှပ်ကာ ထုတ်လွှင့်သည့်အတွက် မေယုFM ထုတ်လွှင့်မှုအား ကြိုက်နှစ်သက်ကြောင်းနှင့် နိုင်ငံတော် အကြီးအကဲများ၏ လှုပ်ရှားမှုသတင်းများ၊ အသိပညာဗဟုသုတ ရရှိစေသည့် အကြောင်းအရာများအား အမြဲထုတ်လွှင့်ပေးစေချင်ပါကြောင်း အကြံပြု ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)