ဂွ မတ် ၁၉
(၇၇)နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် (၉) နာရီခွဲက သံတွဲခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ ဂွမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၁၅)ဦးက စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့သို့ စုပေါင်းသွေးလှုဒါန်းခြင်း အခမ်းအနားသို့ သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဝင်းဗိုလ်၊ သံတွဲခရိုင် ခေတ္တခရိုင်ရဲမှူး ရဲမှူးစိုးမြင့်၊ သံတွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊ သံတွဲမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးသန်းလွင်နှင့်ဂွမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးဟန်မွှေးတို့က သွေးလှူဒါန်းသည့် ရဲတပ်ဖွဲ့ဝင်များအား ကြည့်ရှုအားပေးပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချူပ် ကျော်ကျော်သန်းက သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များအား နို့ဆီ၊ ကော်ဖီမစ်ထုပ်နှင့် ကြက်ဥများကို ပေးအပ်ခဲ့ရာ သံတွဲခရိုင် ခေတ္တခရိုင်ရဲမှူး ရဲမှူးစိုးမြင့်က လက်ခံရယူခဲ့ပြီး သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များအား ပြန်လည်ပေးဝေခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ရွှေရည်ဝင်းကျော်