ပဲခူး မတ် ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဇိုင်းဂနိုင်း(တောင်)ရပ်ကွက်၊ ကန်ကြီးပိုင်လမ်း၌ ယနေ့နံနက် (၅) နာရီ (၄၅)မိနစ်ခန့်က လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး မီးစလောင်ကျွမ်းခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇိုင်းဂနိုင်း(တောင်)ရပ်ကွက်၊ ကန်ကြီးပိုင်းလမ်းရှိ ဈေးဆိုင်ခန်းတွင် လျှပ်စစ်မီး ပြန်လာချိန်၌ မိန်းခုံမှ ဝါယာရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပဲခူးတိုင်း ဒေသကြီး မီးသတ်ဦးစီးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော် ဦးဆောင်သော မီးသတ်ယာဉ် စုစုပေါင်း (၁၀)စီးနှင့် တပ်ဖွဲ့ဝင် စုစုပေါင်း(၅၂)ဦးတို့က သွားရောက်ငြှိမ်းသတ် ခဲ့ရာ နံနက် (၆)နာရီ (၂၀)မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါ မီးလောင်မှုကြောင့် နေအိမ်(၄)လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်းနှင့် မီးလောင်မှုနှင့် ပတ်သက်၍ နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)