အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး  (Talk Show) ဆွေးနွေးပွဲကျင်းပ

လိပ်သို မတ် ၁

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို  ယနေ့နံနက်  (၁၀)နာရီအချိန်က ကရင်ပြည်နယ်၊ ဘားအံခရို်င၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  (Community Centre)  ခန်းမတွင်  ကျင်းပခဲ့သည်။

အဆိုပါ  ဆွေးနွေးပွဲတွင် လိပ်သိုမြို့ အမျိုးသမီးရေးရာကော်မတီအဖွဲ့ဝင် ဒေါ်နော်ဖောထူးစေးနှင့်  ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန မြို့ဦးစီးမှူး နော်နီလာအေးတို့က  ဦးဆောင်ဆွေးနွေးခဲ့ကြပြီး   အမျိုးသမီးများအနေဖြင့်အကြမ်းဖက်မှုခံရပါက  ကူညီဆောင်ရွက်ပေးမှု အခြေအနေများ၊ အမျိုးသမီးများ၏ လူနေမှုဘဝမြင့်မားရေးအတွက်  ဆောင်ရွက်နေမှုများ၊ အမျိုးသမီးများအနေဖြင့် အကြမ်းဖက်မှုမခံရစေရေးအတွက် ကာကွယ်ရမည့်နည်းလမ်းများ၊ မိမိကိုယ်ကို ကာကွယ်ရမည့်အချက်များကို  Online မှတစ်ဆင့် အသိပညာပေး  ဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

နီလာအေး(လိပ်သို)