ဆင်ပေါင်ဝဲ မတ် ၁၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် သာယာမိုးရပ်ကွက်တွင် ယနေ့ နံနက်ပိုင်းက လေပြင်းကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးအောင်မျိုးထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ ပူးပေါင်းအဖွဲ့က သာယာမိုးရပ်ကွက်အတွင်းရှိ ခိုင်ခံမှုအားနည်းသော အိမ်ခြေ (၅၀) အိမ်အား တစ်အိမ် ထောင်လျှင် ဝါးထရံ(၂)ချပ်၊ ဝါးအလုံး (၃၀) လုံး၊ သွပ်နန်းကြိုး ခွေတစ်ခွေ စုစုပေါင်း တန်ဖိုးငွေကျပ် သုံးသောင်းနှုန်းဖြင့် အိမ်ခြေ(၅၀) အိမ်ခြေအတွက် စုစုပေါင်းငွေကျပ် (၁၅)သိန်းကျပ်သုံးစွဲပြုပြင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)