စစ်ကိုင်းမြို့နယ်တွင် သတင်းအမှား၊ အမှန် ခွဲခြားသုံးသပ်နိုင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

စစ်ကိုင်း မတ် ၁၉

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် (ရွာသစ်ကြီး)တို့ ပူးပေါင်း၍ သတင်းအမှား၊ အမှန် ခွဲခြားသုံးသပ်နိုင်ရေး အသိ ပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်(၁၁)နာရီက ဖွံဖြိုးရေးတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင် ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲကို စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်အောင်ထွေးက သတင်းအမှား/ အမှန်ခွဲခြားသုံးသပ်နိုင်စေရန် အချက်အလက်အပြည့်အစုံ သာဓကများနှင့် လူမှုကွန်ယက်စာမျက်နှာများတွင် ဖော်ပြလျက်ရှိသော သတင်းများကို နည်းပညာ အသုံးပြု၍ အမှား/ အမှန်ခွဲခြားနိုင်မည့် နည်းလမ်းများဖြင့် သိရှိနိုင်စေရန် ဆွေးနွေးဟောပြောခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး အောင်ကျော်စိုးက မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်းစရာတို့ကို ဟောပြောပေးခဲ့သည်။

အဆိုပါအခမ်းအနားတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇) နှစ်မြောက်၊ တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့် ဝေခြင်းနှင့် သုတ/ ရသ စာအုပ်များ ခင်းကျင်းပြသပေးဖဲ့ကြောင်းသိရသည်။

ဇော်မြင့်နိုင်