မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင် ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်‌မွေး လုပ်ငန်း ပညာသင်တန်းကျောင်းရှိ သင်တန်းသူများနှင့် တွေ့ဆုံ၊ ဝန်ထမ်းအိမ်ရာ တည်ဆောက်မှု အခြေအနေ ကြည့်ရှုစစ်ဆေး

ပခုက္ကူ   မတ် ၁၉

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် တာဝန်ရှိများနှင့်အတူ ယမန်မွန်းလွဲပိုင်း အချိန်က ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်‌မွေးလုပ်ငန်း ပညာသင်တန်းကျောင်းရှိ သင်တန်းသူ များနှင့် တွေ့ဆုံပြီး ဝန်ထမ်းအိမ်ရာ တည်ဆောက်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ပထမဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် မွန်းလွဲ၁နာရီအချိန်က နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းရှိ အဆင့်မြင့်စက်ချုပ်သင်တန်းသူ (၅၀)ဦးနှင့် တွေ့ဆုံရာ ပခုက္ကူမြို့၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းလင်းက သင်တန်းကျောင်း သမိုင်းအကျဉ်း၊ အကျယ်အဝန်း၊ ဝန်ထမ်းအင်အား၊ သင်တန်းကျောင်း၏ ရည်ရွယ် ချက်နှင့် ရည်မှန်းချက်များ၊ နှစ်စဉ်အခြေခံနှင့် အဆင့်မြင့် စက်ချုပ်သင်တန်း ဖွင့်လှစ် သင်ကြားပေးနေမှု အခြေအနေများအကြောင်းတို့ကို အသေးစိတ်ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဝန်ကြီးချုပ်က သင်တန်းကျောင်းမှ ဖွင့်လှစ်သင်ကြားပေးသည့် စက်ချုပ်ပညာရပ်များဖြင့် ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခု တည်ဆောက်နိုင်ရေး၊ မိမိတတ်ကျွမ်းသော စက်ချုပ် လုပ်ငန်းဖြင့် အဝတ်အထည်ဒီဇိုင်းမျိုးစုံတို့ကို ခေတ်ကာလနှင့်လိုက်လျောညီထွေစွာ ပုံဖော်ဖန်တီးနိုင်ရေး ထုတ်လုပ်တို့ကို လမ်းညွှန်မှာကြားပြီး သင်တန်းသူများကိုယ်တိုင် စက်ချုပ်ပုံဖော်ထားသော အဝတ် အထည်များ၊ လက်မှုဒီဇိုင်းများ ခင်းကျင်းပြသမှုနှင့် လက်တွေ့စက်ချုပ်နေမှုများကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပခုက္ကူမြို့၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ခွင့်ပြုရန်ပုံငွေ ကျပ်(၉၈၉)သန်းဖြင့် တည်ဆောက်လျက် ရှိသည့် (၈)ခန်းတွဲ(၅)ထပ်ဝန်ထမ်း အိမ်ရာတစ်လုံး တည်ဆောက်နေမှုအခြေအနေကို ကွင်းဆင်းကြည့်ရှု စစ်ဆေးရာ ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့် တာဝန်ယူတည်ဆောက်သည့် ကုမ္ပဏီမှ အင်ဂျင်နီယာများက အဆောက်အဦအကျယ်အဝန်းနှင့်ပုံစံ၊ တည်ဆောက် ပြီးစီးမှုနှင့် ဆက်လက် တည်ဆောက်ရမည့် အခြေအနေများနှင့် ပတ်သက်၍ လုပ်ငန်းအသေးစိတ် အချက်အလက်များကို လိုက်လံ ရှင်းလင်းပြသကြသည်။

 အဆိုပါခရီးစဉ်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပခုက္ကူခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်သူ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကြကြောင်းသိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)