ကိုကိုးကျွန်း မတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများ ကိုဗစ်ရောဂါဖြစ်ပွားနေချိန်နှင့် Lock Down ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရန် အမှတ်၂၈ ရေတပ်အခြေစိုက်စခန်းမှ ဗိုလ်မှူးချစ်ကိုကို ဦးဆောင်မှုဖြင့် ရပ်ကွက်အတွင်း ဟင်းသီးဟင်းရွက်များကို ယမန်နေ့မနက် ၈နာရီတွင် လာရောက် ရောင်းချပေးခဲ့ရာ ဌာနဆိုင်ရာများ၊ ဒေသခံများ၊ ရပ်မိရပ်ဖများ၊ လာရောက် ဝယ်ယူစားသုံးကြပြီး ဟင်းရွက်တစ်စီးလျှင်၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
ထို့နောက် ဟင်းသီးဟင်းရွက် ၄၀၀ စည်းကို အိမ်ထောင်စု ၂၀၀စုအတွက် ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)