မယ်စဲ့ မတ် ၁၇
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီက မယ်စဲ့မြို့အဝင်ရတနာ ရန်အောင်စေတီတော်၌ ကျင်းပသည်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မယ်စဲ့မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၁၀ ကျောင်းမှ သံဃာတော် ၂၆ ပါး၊ ဖားဆောင်းမြို့နယ်မှ သံဃာတော် ၈ ပါးနှင့် သီလရှင် ၄ ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်သန်းနှင့် ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက် ၂ ရပ်ကွက်နှင့် ကျေးရွာများမှ စေတနာရှင်အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများကို စုပေါင်း၍ လောင်းလှူခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် တတိယအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲ ရေစက်ချ အခမ်းအနားကို ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်သန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိများ၊ အလှူဒါယိကာ၊ ဒါယိကာမများနှင့် ဧည့်ပရိသတ်များက ဟိုစဲ့သာသနာပြု ဆရာတော်ဥူးတေဇိန္ဒထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆရာတော်သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ဟိုစဲ့သာသနာပြု ဆရာတော်ဥူးတေဇိန္ဒထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
ဝတ်ရည်