၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကျောင်းအကျိုးတော် ဆောင်နှင့်ကျောင်းသားမိဘများအစည်းအဝေးကျင်းပ

ဘောလခဲ  မတ်  ၁၆

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင်၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ကျောင်းအကျိုးတော်ဆောင်နှင့် ကျောင်း သားမိဘများ တွေ့ဆုံ၍ အစည်းအဝေးကျင်းပ ခြင်းကို ဘောလခဲမြို့(အထက) ကျောင်းအုပ်ကြီးရုံးခန်း၌ ယမန်နေ့နံနက်(၉)နာရီ အချိန်က ကျင်းပခဲ့သည်။

အစည်အဝေးတွင်၂၀၂၂ ခုနှစ်၊မတ်လ(၃၁)ရက်နေ့တွင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဘောလခဲ(စာစစ်ဌာန)တွင် လိုအပ်လျက်ရှိသော ရန်ပုံငွေကိစ္စ၊ လုံခြုံရေးကိစ္စ၊ ပရိဘောဂပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် အထွေထွေလိုအပ်ချက်များအား ရှင်းလင်း ဆွေးနွေးရာတက်ရောက် လာကြသော ကျောင်းအကျိုးတော်ဆောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျောင်းသားမိဘများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးပြီး၊ လိုအပ်ချက်များ ရှိပါကတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားမိဘများအား ထပ်မံတွေ့ဆုံ၍ ပူးပေါင်းစီမံ ဆောင်ရွက်သွားကြမည်ဖြစ် ကြောင်း သိရှိရသည်။

ဒေါ်ဇင်မာထွန်း