အခြေခံမဲဆန္ဒရှင်စာရင်းနှင့် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

လွိုင်ကော် မတ်  ၁၄ 

၂၀၂၃ ခုနှစ်တွင်ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် အခြခံမဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန် စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းအား ကယားပြည်နယ် လွိုင်ကော်မြို့၌ ယနေ့တွင် ပြည်နယ်မိခင်နှင့် စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ရုံး၌ ကွန်ပျူတာသင်တန်းခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

အဆိုပါ အခြေခံမဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများတို့ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

အခြေခံမဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို ကယား ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းနှင့် တာဝန်ရှိသူများမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

ခရိုင်(ပြန်/ဆက်)