ပန်လုံ ဩဂုတ် ၂၉
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းနှင့် Mask များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းသိန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ ဈေးအတွင်းနှင့် ရပ်ကွက်လမ်းမများတွင် ဆောင်ရွက်ခဲ့သည်။
ပန်လုံဈေးသို့ လာရောက်သော ဈေးရောင်း/ဈေးဝယ်များ၊ ဈေးပတ်လာရောင်းသော ဈေးသည်များသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ဆိုင်ရာ ညွှန်ကြား ချက်များအား လိုက်နာဆောင်ရွက်ရေး၊ Mask တပ်ဆင်ရေး၊ မကြာခဏလက်ဆေးရေး၊ လူစုလူဝေးရှောင်ကြဉ်ရေးတို့ကို အသိပညာပေးဆောင်ရွက်ပြီး Mask များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပန်လုံ (ပြန်/ဆက်)