မင်းကင်းမြို့တွင် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ပြောင်းရွေ့ရသော အိမ်ထောင်စု (၁၁၅)စုအား ထောက်ပံ့ပစ္စည်းပေးအပ်

မင်းကင်း      သြဂုတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊  ကလေးခရိုင်၊  မင်းကင်းမြို့တွင်   ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ပြောင်းရွေ့ရသော အိမ်ထောင်စု (၁၁၅)စု အား  ထောက်ပံ့ပစ္စည်းပေးအပ်ပွဲကို   ယွန်းကျောင်းတိုက်၌  ယနေ့နံနက်  ၉ နာရီ  အချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။

မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် ဌာနဆိုင်ရာများက အိမ်ထောင်စုတစ်စုလျှင် ဆန်နှစ်ပြည်၊ ဆီ တစ်ဘူး၊ သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး  ဦးသုတစိုးမှ  ဆန်ဘိုးရိက္ခာငွေ (၆၂၇၉၀၀)ကျပ်ကို  အမှတ်(၃)ရပ်ကွက်မှ ပြောင်းရွေ့ရသော အိမ်ထောင်စု (၇၉)စု လူဉီးရေ(၂၉၉)ဦးအတွက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍   ကျန်ရှိသော  ရေဝင်ပြောင်းရွေ့ အိမ်ထောင်စုများကို  ပေးအပ်သွားမှာဖြစ်ကြောင်းနှင့်  ရေဝင်ပြောင်းရွေ့ နေထိုင်ရသော  ဘုန်းတော်ကြီးကျောင်း  ယွန်းကျောင်း၊ မဟာမင်းကျောင်းတိုက် ၊ မင်္ဂလာပဇ္ဇေတာရုံ ကျောင်းတိုက်များသို့  ကျပ်ငါးသောင်းစီကို လှူဒါန်း  ခဲ့ကြောင်း  သိရသည်။

လှငွေ(မင်းကင်း)