ညောင်လေးပင်မြို့နယ်တွင် ဆီဘောက်ဆာယာဉ်တစ်စီး လမ်းကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ လဲကျတိမ်းမှောက်

ညောင်လေးပင် ဩဂုတ် ၂၉

ညောင်လေးပင်မြို့နယ် တော်နွတ်ကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်း‌တွင် ယမန်နေ့ ညနေ ၅ နာရီခွဲ ဝန်းကျင် အချိန်က ဆီဘောက်ဆာယာဉ်တစ်စီးတိမ်း‌‌ မှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ် 1N/------------ TRACTOR HEAD အမျိုးအစား နောက်တွဲအမှတ် 1TLR/----------- (၂၂)ဘီး ဆီဘောက်ဆာ(ဆီမပါ) အဖြူ‌ရောင်ယာဉ်သည် လမ်းကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ လဲကျတိမ်းမှောက်သွားခဲ့ရာ ယာဉ်မောင်းတွင် ဒဏ်ရာရရှိမှု မရှိသော်လည်း ယာဉ်နောက်လိုက်တွင် ခါးနာကျင်ဒဏ်ရာ၊ ပြင်ပလူနာ(မစိုးရိမ်ရ)ရရှိကာ ပိန်းဇလုပ်တိုက်နယ်ဆေးရုံသို့ ရဲ‌ဆေးစာဖြင့် ပို့ဆောင်ထားရှိကြောင်း သိရ သည်။
သို့ဖြစ်ပါ၍ ယာဉ်မောင်းနှင်သူအား  ပိန်းဇလုပ်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

သက်လွင် (ညောင်လေးပင်)