မုံရွာ သြဂုတ် ၂၉
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရိုင်(၁၀)ခုနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ် များတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး(၆၀၄၉၃၃)ဧက စိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးထံမှ သိရသည်။
“စိုက်ပျိုးရေး နည်းစနစ်တွေ၊ သီးနှံကာကွယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ပေးနေပါတယ်၊ ရာသီဥတုပြောင်းလဲ လာတာနဲ့ လိုက်လျောညီထွေဖြစ်စေမဲ့ စိုက်နည်းစနစ်တွေကိုလည်း တောင်သူ တွေ သိရှိစိုက်ပျိုးနိုင်ဖို့ လုပ်ဆောင်ပေး နေပါတယ်၊ တိုင်းဒေသကြီးအတွင်းမှာတော့ အခုနှစ် မိုးရာသီ မှာ လျာထားတဲ့ဧက(၁၈)သိန်းကျော်ရှိတဲ့အထဲက သုံးပုံတစ်ပုံတော့ စိုက်ပျိုးပြီးဖြစ်တယ်၊ ဆက်လက် ပြီးတော့လည်း စိုက်ပျိုးနေတယ်၊ လျာထားချက်ပြည့်မီအောင်လို့တော့ စိုက်ပျိုးရေးဝန်ထမ်းတွေက တောင်သူတွေရဲ့ စိုက်ခင်ထဲ အရောက်သွားပြီး ပူးပေါင်းဆောင်ရွက်နေပါတယ်”ဟု စစ်ကိုင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။
မိုးစပါးစိုက်ပျိုးပြီးစီးမှုအနေဖြင့် စစ်ကိုင်းခရိုင်အတွင်း (၅၄၇၆)ဧကအား လည်းကောင်း၊ မုံရွာခရိုင် အတွင်း (၈၄၃၉)ဧက အားလည်းကောင်း၊ ယင်းမာပင်ခရိုင်အတွင်း (၅၁၆၅၉)ဧကအားလည်းကောင်း၊ ရွှေဘိုခရိုင်အတွင်း (၉၃၈၁၇)ဧကအား လည်းကောင်း၊ ကန့်ဘလူခရိုင်အတွင်း (၄၇၀၃၇)ဧကအား လည်းကောင်း၊ ကသာခရိုင်အတွင်း (၂၃၁၈၈၅)ဧကအား လည်းကောင်း၊ ကလေးခရိုင်အတွင်း (၆၇၉၄၁)ဧက အားလည်းကောင်း၊ တမူးခရိုင် (၂၇၉၁၀)ဧက အားလည်းကောင်း၊ မော်လိုက်ခရိုင် အတွင်း (၂၇၈၅၀)ဧကအားလည်းကောင်း၊ ခန္တီးခရိုင်အတွင်း (၁၈၆၉၉)ဧက အားလည်းကောင်း၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း (၂၄၂၂၀)ဧကအားလည်းကောင်း စိုက်ပျိုးပြီးစီးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)