ငရုတ်ကောင်း မတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် မီးဘေးလုံခြုံရေးအတွက် ငရုတ်ကောင်းမြို့ မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေးတို့အတွက် မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်၍ မီးသတိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ၄နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ရာတွင် ငရုတ်ကောင်းမြို့ မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသူရအောင်နှင့် တပ်ဖွဲ့ဝင်များက ပူပြင်းသော နွေရာသီကို ရောက်ရှိလာသဖြင့် မိဘပြည်သူများအနေဖြင့် မီးဘေးလုံခြုံရေးအတွက် သတိပြု နေထိုင်ကြရန်၊ မိမိတို့၏ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ ရေပုံးများထားရှိရန်၊ လျှပ်စစ်မီးအား ဂရုတစိုက် အသုံးပြုကြရန်၊ မီးသတ်ဆေးဗူးများ အသင့်ထားရှိရေး၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မီးသတ်ဦးစီးဌာနသို့ ချက်ချင်းဆက်သွယ် အကြောင်းကြားပေးကြရန် အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြုံးမောင်မောင် (ပြန်/ဆက်)