ငရုတ်ကောင်း မတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း အိုမီ ခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက် လျက်ရှိရာ (Mask Campaign) ဆောင်ရွက်ခြင်းကို မြို့ဝင်ဂိတ်၊ လူစည်ကားရာ လမ်းဆုံများ၊ မြို့မစျေးနှင့် စားသောက်ဆိုင်များအား ယမန်နေ့ နံနက်၈နာရီအချိန်က မြို့အုပ်ချုပ်ရေးမှူးဦးဆောင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ် ရေးအတွက် (Mask) တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပသို့ သွားလာနေကြသော ပြည်သူများ၊ ဆိုင်ကယ်၊ ကားများ တားဆီး၍ နှာခေါင်းစီး (Mask)များ တပ်ဆင်သွားလာကြရန် ပြောကြားပြီး (Mask) များ ဖြန့်ဝေပေး ခဲ့ကြသည်။ ပြီးနောက် မြို့မစျေးတွင် စျေးရောင်း၊ စျေးဝယ်ပြုလုပ်နေသော ပြည်သူများ နှာခေါင်းစီး တပ်ဆင်ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် စားသောက်ဆိုင်များတွင် ကိုဗစ်စည်းကမ်းချက်များ နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ တို့ကို လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းနှင့် (Mask Campaign) ဆောင်ရွက်ခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ ပမ္မဝတီရေတပ်စခန်း ဌာနချုပ်မှ ဗိုလ်ကြီးကျော်သူမျိုးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရဲထွန်းဦးနှင့် ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့မှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသူရအောင်၊ ပြန်/ဆက်ဦး စီးဌာနမှ ဦးစီးမှူး ဒေါ်ကျော်မာလာလွင်နှင့် ရပ်ကွက်ရေးမှူးများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြုံးမောင်မောင် (ပြန်/ဆက်)