ကယားပြည်နယ် အစိုးရအဖွဲ့မှ နေရပ်ပြန်ပြည်သူများအား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ ဆောက်ရွက်ပေးခြင်း နှင့် အခြေခံစားကုန်များ ဆက်လက်ထောက်ပံ့လှူဒါန်း

လွိုင်ကော်  ဖေဖော်ဝါရီ  ၂၈

ကယားပြည်နယ် အစိုးရအဖွဲ့မှ နေရပ်ပြန်ပြည်သူများအား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ ဆောက်ရွက်ပေးခြင်း နှင့် အခြေခံစားကုန်များ ဆက်လက်ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ နောင်ယား(က) ရပ်ကွက်ရှိ ခေတ္တနေရပ်စွန့်ခွာ ပြည်သူများအားကြိုဆို လက်ခံရေးစခန်းများနှင့် မိုင်းလုံးရပ်ကွက်ရှိ နည်းပညာတက္ကသိုလ် ကျောင်းတွင် ကျင်းပပြုလုပ် ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကယားပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်၊ အတွင်းရေးမှူး နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူတို့က ခေတ္တနေရပ်စွန့်ခွာပြီး ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက်လာသော ပြည်သူများအား အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များ ပေးအပ်လှူဒါန်းခဲ့သည်။

နယ်မြေအခြေအနေ တည်ငြိမ်လာမှုကြောင့် ပြန်လည်ဝင်ရောက်လာသော  ပြည်သူများအား  ကြိုဆိုလက်ခံရေးစခန်းတွင် လက်ခံရာ၌ စနစ်တကျ စိစစ်မှတ်တမ်းရေးသွင်းလက်ခံခြင်း၊ ကိုဗစ်-၁၉ရောဂါ ဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုများကို ပြုလုပ်ပေးခြင်း၊ ရောဂါပိုးတွေ့ရှိသူများကို ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခြင်း၊ လွိုင်ကော်မြို့အတွင်းရှိ ရပ်ကွက် အသီးသီးတွင် ပြန်လည်နေထိုင်မည့် မိသားစုများအား အခြေခံစားကုန်များထောက်ပံ့ပေးခြင်းတို့ကို ကယားပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ဦးဆောင်မှုနှင့် လှူဒါန်းပေးမှုတို့ဖြင့် သက်ဆိုင်ရာဌာနအသီးသီးက လူမှုရေးအသင်းအဖွဲ့များ နှင့် ပူးပေါင်း၍ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)