ကယားပြည်နယ် အစိုးရအဖွဲ့မှ နေရပ်ပြန်ပြည်သူများအား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု များ ဆောက်ရွက်ပေးခြင်းနှင့် အခြေခံစားကုန်များ ထောက်ပံ့လှူဒါန်းခြင်းပြုလုပ်

လွိုင်‌ကော်      ဖေဖော်ဝါရီ     ၂၆

ကယားပြည်နယ် အစိုးရအဖွဲ့မှ နေရပ်ပြန်ပြည်သူများအား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု များ ဆောက်ရွက်ပေးခြင်းနှင့် အခြေခံစားကုန်များ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက်ရှိ ခေတ္တနေရပ်စွန့်ခွာ ပြည်သူများအား  ကြိုဆို လက်ခံရေးစခန်း တွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ဦးဆောင်၍ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွိုင်ကော်တပ်နယ်နှင့် ဌာန ဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူတို့က ခေတ္တနေရပ်စွန့်ခွာပြီး ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက်လာသော ပြည်သူများအား အခြေခံ စားကုန်များဖြစ်သည့် ဆန်၊ ဆီ ၊ခေါက်ဆွဲ ခြောက်များ ပေးအပ ်လှူဒါန်းခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က နေရပ်ပြန် ပြည်သူတို့၏ လိုအပ်ချက်များကို မေးမြန်း၍ ပြည်နယ်ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရ က ကဏ္ဍအသီး သီးတွင် ဆောင်ရွက်ပေးနေသည့် အခြေအနေများကို ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက် ပြောကြားခဲ့သည်။

နယ်မြေအခြေအနေ တည်ငြိမ်လာမှုကြောင့် ပြန်လည်ဝင်ရောက်လာသော  ပြည်သူများအား  ကြိုဆိုလက်ခံရေးစခန်းတွင် လက်ခံရာ၌ စနစ်တကျ စိစစ်မှတ်တမ်းရေးသွင်းလက်ခံ ခြင်း၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများကို ပြုလုပ်ပေးခြင်း၊ ရောဂါပိုးတွေ့ရှိ သူများကို ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခြင်း၊ လွိုင်ကော်မြို့အတွင်းရှိ ရပ်ကွက်အသီးသီး တွင် ပြန်လည်နေထိုင်မည့် မိသားစုများအား အခြေခံစားကုန်များထောက်ပံ့ပေးခြင်းတို့ကို ကယားပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ဦးဆောင်မှုနှင့် လှူဒါန်းပေးမှုတို့ဖြင့် သက်ဆိုင်ရာ ဌာနအသီးသီးက လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)