နတ်မောက် သြဂုတ်၂၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အင်းကုန်း(တ)ကျေးရွာ ကုန်ထုတ် လမ်းခင်းခြင်းကို ယမန်နေ့ နေ့လယ် ၂နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အင်းကုန်း(တ)ကျေးရွာ၏ ရွာတောင်ဘက် ကုန်ထုတ်လမ်းခင်းခြင်းကို ၂၀၁၉-၂၀၂၀ပြည့်နှစ် CFAVC စီမံကိန်းဖြင့် မုဒုံ မောင်မောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ကုန်ထုတ်လမ်း၊ တံတားခင်းခြင်း ပြုလုပ်ဆောင်ရွက်နေမှုကို ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီလာစိုး၊ Environmental Safeguard မှတာဝန်ရှိသူများ၊ မကွေးခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်ဇောဟိန်း၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးဝင်းသူရနှင့် ဝန်ထမ်းများ လိုက်ပါ၍ အင်းကုန်း(တ) ကျေးရွာကုန်ထုတ်လမ်းနှင့်တံတားခင်းခြင်း လုပ်ငန်း ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ကိုပြောကြားခဲ့ကြောင်းသိရသည်။ နတ်မောက်မြို့နယ် အင်ကုန်(တ) ကျေးရွာ၏ ရွာတောင်ဘက် ကုန်ထုတ်လမ်းအလျား(၀/၄.၁)မိုင်၊ အကျယ်(၁၂)ပေဖြစ်ပြီး RC Box Culvert(၁)စင်း ပါဝင်ကြောင်း သိရသည်။
လှဝင်း(နတ်မောက်)