ရေတာရှည်မြို့တွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ရေတာရှည် သြဂုတ် ၂၈

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့ စည်ပင်သာယာစျေးနှင့် ရန်ကုန်-မန္တလေး ကားလမ်းဘေးတို့တွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်းများ တပ်ဆင်ရေး လှုပ်ရှားမှု(Mask Campaign)အဖြစ် ဆိုင်ကယ် ချစ်သူများ အဖွဲ့မှ နှာခေါင်းစည်းခုရေ(၁၀၀၀) အခမဲ့ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူတွေအားလုံး ပင်ကိုယ်အသိစိတ် ဓာတ်နဲ့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြဖို့လိုပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ ဆိုင်ကယ်ချစ်သူများအဖွဲ့ လူငယ်လေးတွေစုပြီး တော့ နှာခေါင်းစည်းတွေကို အခမဲ့ ဖြန့်ဝေပေးတာပါဟု အဖွဲ့တွင် ပါဝင်သူ လူငယ်တစ်ဦးက ပြောသည်။

ဆု/ပြန်ဆက်