ငွေဆောင် သြဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ငွေဆောင်မြို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ယနေ့ နံနက် ၉ နာရီတွင် အ.ထ.က ငွေဆောင် ကျောင်းရှေ့နှင့် လူစည်ကားရာ နေရာများ၌ ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။
ထိုသို့ ဖြန့်ဝေပေးခြင်းကို ငွေဆောင်မြို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏဝင်းနှင့် ဌာနဆိုင်ရာများမှ လူစည်ကားသည့် နေရာများတွင် ဖြတ်သန်းသွားလာ နေကြသည့် ပြည်သူများအား နှာခေါင်းစည်းအခု (၅၀၀)အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး နေအိမ်ပြင်ပထွက်တိုင်း နှာခေါင်းစည်းများ တပ်ဆင်ကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာ ကြရန် အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မူမူသွင်(ပြန်/ဆက်)