ပဲခူး သြဂုတ် ၂၈
ပဲခူးမြို့ ကုတင်(၅၀၀)ဆန့် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး အပေါ်ထပ် အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀နာရီက မြန်မာဘရူဝါရီ လီမိတက်နှင့် စီးပွားမိတ်ဖက်လုပ်ငန်းရှင်ကြီးများမှ (Ventilator) အသက်ရှူစက် လှူဒါန်းပေးခြင်း အခမ်းအနား ကျင်းပခဲ့သည်။
ရှေးဦးစွာ မြန်မာဘရူဝါရီလီမိတက်နှင့် စီးပွားမိတ်ဖက်လုပ်ငန်းရှင်ကြီးများမှ ငွေကျပ် (၁၆၅)သိန်း တန်ဖိုးရှိ (Ventilator) အသက်ရှူစက် (၁)လုံးအား ပဲခူးမြို့ကုတင်(၅၀၀)ဆံ့ အထွေထွေ ရောဂါကု ပြည်သူ့ဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာ သူဇာအောင်နှင့် ဆေးမေ့အထူးကု ဆရာဝန်ကြီး ဒေါက်တာယုသဉ္စာနွယ်တို့ထံ ပေးအပ်လှူဒါန်းပြီး လှူဒါန်းမှုအတွက် ဒုတိယဆေးရုံအုပ်ကြီးက ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် ပဲခူးမြို့ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာသူဇာအောင်နှင့် ဆေးမေ့ အထူးကုဆရာဝန်ကြီး ဒေါက်တာယုသဉ္စာနွယ်တို့က လှူဒါန်းပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည် ပြောကြား ခဲ့ ကြောင်း သိရသည်။
မြန်မာဘရူဝါရီလီမိတက်အနေဖြင့် ၂၀၂၀ခုနှစ် ဇွန်လ(၃)ရက်နေ့တွင် ရန်ကုန်မြို့ ဝေဘာဂီအထူးကု ဆေးရုံကြီး ICUအရေးပေါ် ဌာန အတွက် Patient Monitors (၂)စုံနှင့် Oxygen Concentrators(၂)စုံနှင့် မြောက်ဥက္ကလာပဆေးရုံကြီး ICU အရေးပေါ်ဌာနအတွက် Patient Monitors(၂)စုံတို့အားလည်းကောင်း၊ ဩဂုတ်လ (၂၀)ရက်နေ့တွင် မုံရွာပြည်သူ့ဆေးရုံကြီးတွင် (Ventilator) အသက်ရှူ စက် (၁)လုံးအား လည်းကောင်း၊ ဩဂုတ်လ(၂၁)ရက်နေ့တွင် မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီးအတွက် (Ventilator) အသက်ရှူစက် (၁)လုံးအားလည်းကောင်း သွားရောက်လှူဒါန်းပြီး ယနေ့ ဩဂုတ်လ (၂၈)ရက်နေ့တွင် ပဲခူးမြို့ အထွေထွေ ရောဂါကု ဆေးရုံကြီးအတွက် ငွေကျပ်(၁၆၅) သိန်းတန်ဖိုးရှိ (Ventilator) အသက်ရှူစက် (၁)လုံးအား လာရောက် လှူဒါန်းပေးခြင်း ဖြစ်သည့်အပြင် မြန်မာနိုင်ငံတဝှမ်းရှိ ဆေးရုံများသို့လည်း (Ventilator) အသက်ရှူစက်များ ဆက်လက် လှူဒါန်း ပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သတင်း ရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)