ဘောလခဲ သြဂုတ် ၂၈
ကယားပြည်နယ်၊ ဘောလခဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လုပ်ငန်းခွင်ဝင် သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပသည်။
အခမ်းအနားကို ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ထန်ထမ်း များ လုပ်ငန်းခွင် ဝင် သင်တန်းကို (၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချပြီးဖြစ်ပါကြောင်း၊ ဝန်ထမ်းသစ်များအနေဖြင့် ပို့ချပေးသွားသော ဌာနနှင့် ပတ်သက်သည့် လုပ်ငန်းတာဝန်များအပြင် အခြား ဆက်စပ်ဌာနများရဲ့ လုပ်ငန်းကို လည်း တော်တော်များများ သိရှိနေပြီဟု ယုံကြည်ရပါကြောင်း၊ လုပ်ငန်း ခွင်ဝင် သင်တန်းဆန်းစစ်ချက် မေးခွန်း များကိုလည်း ဖြေဆိုခဲ့ကြပြီးဖြစ်ကြောင်း၊ သင်တန်းမှာ တာဝန်ရှိသူများ အသီးသီးက သင်ကြားပို့ချပြီးဖြစ်သော ပြည်ထောင်စုအဖွဲ့ရုံးဝန်ကြီးဌာနမှ စီမံခန့်ခွဲလျက်ရှိသော ဥပဒေများ၊ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ဦးစီးတာဝန်၊ စီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်၊ ရုံးလုပ်ထုံးလုပ် နည်းဘာသာရပ်၊ ဝန်ထမ်းရေးရာနှင့် ငွေစာရင်းကိစ္စရပ်များ၊ အစည်းအဝေး၊ ကော်မရှင်ကိစ္စရပ်များ၊ မြို့ရွာပြင်ဆင်ဖွဲ့စည်းကိစ္စရပ်များ၊ အခြားဝန်ကြီးဌာနမှ အပ်နှင်း လာသော လုပ်ငန်းတာဝန်များ စတဲ့ ဘာသာရပ်များ ပို့ချခဲ့ပြီးဖြစ်ပါကြောင်း သင်တန်းမှာ သင်ယူခဲ့တဲ့ သင်ခန်းစာများကို လက်တွေ့ နယ်ပယ်လုပ်ငန်းခွင်မှာ အသုံးချတတ်ရန် အထူးလိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ လုပ်ငန်းခွင်ဝင် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်း အစီအစဉ်တွင် သင်တန်းသား အသစ်များ ၏ သာမန်အမြင့် ရရှိသော သင်တန်းသား(၃)ဦးအား ခရိုင်အုပ်ချုပ်ရေးမှူးက ပေးအပ်ခြင်း၊ သာမန်အထက်ရရှိသော သင်တန်းသား(၃)ဦးအား ဒုတိယ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေက ပေးအပ် ခြင်း၊ သာမန်အထက်(၂)ဦးအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က ပေးအပ်ခြင်းနှင့် သာမန်အထက်နှင့် သာမန်အဆင့်ဝန်ထမ်းများအား ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ သည်။
အဆိုပါ သင်တန်းကို ၂၀၂၀ ခုနှစ် ဩဂုတ်(၁၇)ရက်နေ့မှ (၂၈)ရက်နေ့ထိ ရက်သတ္တပတ် (၂)ပတ်ကြာ သင်ကြား ပို့ချခဲ့ရာ ဘောလခဲ ခရိုင်ရုံး၊ ဖားဆောင်းမြို့နယ်ရုံး၊ မယ်စဲမြို့နယ်ရုံးရှိ ဝန်ထမ်းသစ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
လှရွှေ