သံဖြူဇရပ် သြဂုတ် ၂၈
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း သြဂုတ်လ ၂၇ ရက် ညသန်းခေါင်ယံအချိန်မှစတင်၍ ယနေ့ နံနက် ၁၁ နာရီ အချိန်ခန့်အထိ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျရေများကျဆင်းပြီး နံနက် ၈ နာရီ အချိန်မှစတင်ကာ၊ သံဖြူဇရပ်-ကျိုက္ခမီကား လမ်းပေါ်ရှိ မိုင်တိုင် ၇/၀ အဇင်း ပေါင်းတံတားနှင့် ကားလမ်းမ တစ်လျှောက်အမြင့်(၂)ပေခန့် ရေကျော်ခြင်းနှင့် မိုင်တိုင်၉/၄ ပဒံငံလေးတံတားတွင်အမြင့်(၁)ပေခန့် ရေကျော်ခဲ့ကြောင်းသိရသည်။
အဆိုပါရေကျော်ခဲ့ခြင်းကြောင့် နေ့လယ် ၁၂ နာရီအချိန်ခန့်အထိ မော်တော်ယာဉ်နှင့်ပြည်သူများ ဖြတ်သန်းသွားလာမှု ယာယီ ပြတ်တောက်ခဲ့ကြောင်းသိရသည်။
အေးအေးသီ(ပြန်/ဆက်)