နန်းယွန်း သြဂုတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် K G တန်းမှ တတိယတန်းနေ ကျောင်းသား/ သူများအား High Energy Biscuits အာဟာရမုန့် (၂၀၆၈) ထုပ်ကို သြဂုတ်လ ၂၆ ရက်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ ထောက်ပံ့ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ အခြေခံပညာ အထက်တန်းကျောင်းအုပ်ကြီး ဦးအောင်လှိုင်ဝင်း၊ ဒုတိယကျောင်းအုပ်ကြီး ဦးရှေးကမ်းနှင့် အတန်းပိုင်ဆရာ/မများက ကြပ်မတ်ဆောင်ရွက်ပြီး ၎င်း High Energy Biscuits အာဟာရမုန့်သည်( W F P ) အဖွဲ့အစည်းမှ ထောက်ပံ့ခြင်း ဖြစ်ကြောင်း ကျောင်းသား/သူ တစ်ဦးလျင်(၂၂)ထုပ်ဖြင့် KG တန်းမှ တတိယတန်းနေ ကျောင်းသား/သူ စုစုပေါင်း (၉၄)ဦး တို့အား အာဟာရမုန့် (၂၀၆၈)ထုပ် များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ (WFP)အဖွဲ့အစည်းမှ ထောက်ပံ့ပေးသော အာဟာရမုန့်တို့ကို မြို့ပေါ်(၃)ရပ်ကွက်ရှိ အခြေခံ မူလတန်း ကျောင်းများနှင့် ကျေးလက်ကျောင်းများတွင်လည်း သတ်မှတ်အရွယ်အဆင့် ကျောင်းသား/သူများကို ထောက်ပံ့ပေး လျက်ရှိကြောင်း အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီး ဦးအောင်လှိုင်ဝင်း ထံမှသိရသည်။
ဟန်ကမ်း(ပြန်/ဆက်)