ထီးချိုင့် ဩဂုတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ညောင်ပင်သာကျေးရွာ (KC) နယ်မြေ အတွင်း CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသောမျိုးစေ့ထုတ် အကွက်များအား ယနေ့နံနက် (၉) နာရီအချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရပါသည်။
ကသာခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဦးအောင်မျိုးဦးနှင့်အဖွဲ့သည် ခရိုင်ဦးစီးမှူး၏ ညွှန်ကြား ချက်အရ ထီးချိုင့်မြို့နယ် စိုက်ပျိုးရေးဦးမှူး ဦးဇော်ဦး၊ KC တာဝန်ခံ၊ ကွင်းတာဝန်ခံများနှင့် အတူ ညောင်ပင်သာ(KC)နယ်မြေအတွင်း CERP အစီအစဉ်ဖြင့်စိုက်ပျိုးထားရှိသော မျိုးစေ့ထုတ်ကွက်များအား ကွင်းဆင်းစစ်ဆေးခြင်း၊ တွေ့ရှိချက်များအား အကြံပြုဆွေးနွေးခြင်းများ ဆောက်ရွက်ခဲ့ကြသည်။
ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်း တွင် CERP အစီအစဥ်ဖြင့် စိုက်ပျိုးထားသော မျိုးစေ့ထုတ်ကွက်များမှာ ဧက (၄၀၀) မှာ ကွင်းဆင်းစစ်ဆေးထားပြီးဖြစ်ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ရဲလင်းထွန်း ထီးချိုင့်