ဖားဆောင်း ဖေဖော်ဝါရီ ၂၀
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦး၏ လမ်းညွှန်မှုအရ လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန်စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများနေအိမ်ပြင်ပသို့ ထွက်ခွာသည့် အချိန်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံးစေရေး ရည်ရွယ်၍ ယမန်နေ့ ညနေ(၄)နာရီ အချိန်မှစ၍ တောင်ပိုင်းရပ်ကွက်ရှိ ပူးပေါင်းကျန်းမာရေးစစ်ဆေးသည့်ဂိတ်၌ ပူးပေါင်း အဖွဲ့ဖြင့် Mask Campaign ပြုလုပ်၍ (Mask)များကို (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ထိုသို့( Mask Campaign)ပြုလုပ်ရာတွင် ခရီးသွားပြည်သူများ၊စျေးရောင်းစျေးဝယ်ပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် မြို့တွင်းမြို့ပြင်သွားလာနေသူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာကြရန်၊ နှာခေါင်း စည်း (Mask)စနစ်တကျတပ်ဆင်သွားလာကြရန် အသိပညာပေးခြင်း၊ လမ်းသွားလမ်းလာ ပြည်သူများအား (Mask)များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ (Mask Campaign)ပြုလုပ်ရာသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့်ကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းနှင့် (Mask) (၂၅၀)ခုကို (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)