မယ်စဲ့ ဖေဖော်ဝါရီ ၂၁
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ပိုးများကြောင့် ရောဂါဖြစ်ပွားမှု တစ်ကျော့ပြန်လည်၍ များပြား မလာစေရေးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်ကွက်ကဲမှုဖြင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ နယ်စပ်ကုန်သွယ်ရေးစခန်း စစ်ဆေးရေးဂိတ်နှင့် ဝမ်ကန်စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေ အနေအား ယနေ့ နံနက် ၉ နာရီက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
မိမိတို့မြို့နယ်အတွင်းသို့ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန်သည် ဝင်/ထွက် ဂိတ်များမှ ဝင်ရောက်လာသူများမှတစ်ဆင့် ရောဂါကူးစက်မှုကို တားဆီး နိုင်ရေးအတွက် နယ်စပ်ကုန်သွယ်ရေး စခန်း စစ်ဆေးရေးဂိတ်နှင့် ဝမ်ကန်စစ်ဆေးရေးဂိတ် နှစ်ဂိတ်ဖွင့်လှစ်ကာ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ကျန်းမာရေးဌာန၊ မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ခရီးသွားပြည်သူများအား ကိုယ်အပူချိန် တိုင်းတာ ခြင်း၊ ခရီးသွားရာဇဝင်မေးမြန်း၍ ပုံစံဖြည့်သွင်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သန်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)