ဖရူဆို သြဂုတ် ၂၈
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ မြို့ပေါ်ရပ်ကွက်နေ ပြည်သူ များအား Covid-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ပြည်သူများလိုက်နာ နေထိုင်ရေးအတွက် ယနေ့ညနေ ၇ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့ စက်များဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ Covid-19 ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အငယ်တန်း စာရေး ဦးမင်းဦးလွင်နှင့် ဝန်ထမ်းများက မြို့ပေါ် ရပ်ကွက်အတွင်းရှိ ပြည်သူများအနေဖြင့် Covid-19 ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိမိတို့ အိမ်အတွင်း၌သာ နေထိုင်ကြရန်၊ မဖြစ်မနေ အိမ်ပြင်ထွက်ပါက နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်ထားရန်၊ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ မသွားကြရန်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေ အကွာမှ နေထိုင်ပြောဆို ဆက်ဆံကြရန်၊ လက်ကိုဆပ်ပြာနှင့်ရေအသုံးပြု၍ မကြာခဏဆေးကြောရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်သွားရန် အသံချဲ့စက် များဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
တောရယ်(ပြန်/ဆက်)