ဖားဆောင်း ဖေဖော်ဝါရီ ၁၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ဖားဆောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦး၏ လမ်းညွှန်မှုအရ လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန်စောင့် ကြပ် ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အချိန်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကိုစနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံးစေရေးရည်ရွယ်၍ ယမန်နေ့နံနက်(၉)နာရီ အချိန်မှ စ၍ ပူးပေါင်းအဖွဲ့ဖြင့် Mask Campain ပြုလုပ်၍ (Mask)များကို (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့( Mask Campain )ပြုလုပ်ရာတွင် ခရီးသွားပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ အသိပညာပေးခြင်း၊ လမ်းသွားလမ်းလာပြည်သူများအား (Mask) များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ (Mask Campain)ပြုလုပ်ရာသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့် ကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းနှင့် (Mask)(၁၅၀)ခုကို (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)