ဖား​ဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ဆေး ဆက်လက်ထိုးနှံ​ပေး

ဖား​ဆောင်း ဖေ​ဖော်ဝါရီ ၁၇

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ဆေး မထိုးနှံရ​သေး​သော ပြည်သူများနှင့်(ဒုတိယအကြိမ်)ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်​ဆေး ဆက်လက်ထိုးနှံ​ပေးခြင်းကို ယ​နေ့မန်နံနက်(၈)-နာရီက ​မြောက်ပိုင်းရပ်ကွက်ရှိ အ​ခြေခံပညာအထက်တန်း​ကျောင်း​ရှေ့နှင့်​ တောင်ပိုင်းရပ်ကွက်ရှိ ပူး​ပေါင်း ကျန်းမာ​ရေးစစ်​ဆေးသည့် ဂိတ်တို့တွင် မြို့နယ်ကျန်းမာ​ရေး ဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံ​ပေးလျက်ရှိ​ကြောင်း သိရသည်။

ကာကွယ်​ဆေးထိုးနှံ​ပေးရာတွင် အသက်(၁၈)နှစ်နှင့်အထက် ကာကွယ်​ဆေးမထိုးနှံရ​သေး​သော ပြည်သူ(၂၀၀) ဦးနှင့် (ဒုတိယအကြိမ်) ကာကွယ်​ဆေးထိုးနှံရန်ကျန်ရှိသူ ပြည်သူ(၃၂၅ )ဦးတို့အား ကျန်းမာ​ရေးဝန်ထမ်းများက ကိုဗစ်-၁၉ ​ရောဂါ စည်းကမ်းချက်များနှင့်အညီ ကာကွယ်​ဆေးများ စနစ်တကျ ထိုးနှံ​ပေးခဲ့​ကြောင်းသိရသည်။

အဆိုပါကာကွယ်​ဆေးထိုးနှံ​ပေးရာသို့ မြို့နယ် ကိုဗစ်-၁၉​ရောဂါ ကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦး၏ကြီးကြပ်မှုဖြင့် ကော်မတီဝင်များ၊ လူမှု​ရေး အသင်းအဖွဲ့များက လိုအပ်သည်များ ကူညီ​ဆောင်ရွက်​ပေးခဲ့ကြပြီး ဆေးထိုးရန် ကျန်ရှိ​နေ​သော ပြည်သူများအား လည်း ဆက်လက် ထိုးနှံ​ပေးသွားမည်ဖြစ်​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)