သရက် ဩဂုတ် ၂၇
မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုမဖြစ်ပါ်စေရေး ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီက သရက်မြို့၊ မြို့မ ဈေးထိပ်၌ နေအိမ်ပြင်ပသွားလာရာတွင် နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိသူများအား စစ်ဆေး၍ ပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်ကာ (Mask) တစ်ခုလျှင် ငွေကျပ်တစ်ထောင်ဖြင့် ဝယ်ယူစေ၍ ချက်ခြင်း တပ်ဆင် စေခြင်းများ ဆောင်ရွက်ခဲ့သည်။
သရက်မြို့နယ်တွင် နေအိမ်ပြင်ပသွားလာရာ၌ နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိသူများအား စစ်ဆေးကာ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှဦးဆောင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး မဖြစ်မနေ(Mask) တပ်ဆင်ရေး လှုပ်ရှားမှု အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပြည်သူများလိုက်နာ ဆောင်ရွက်ခြင်းရှိ/ မရှိ စစ်ဆေး၍ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသည့် မော်တော်ဆိုင်ကယ်၊ သုံးဘီး ဆိုင်ကယ်၊ မော်တော်ယာဉ် မောင်းနှင် သူများနှင့် ခရီးသွားပြည်သူများကို နှာခေါင်းစည်း တပ်ဆင်ခြင်းရှိ/ မရှိရပ်တန့်စစ်ဆေးကာ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသူများအား နှာခေါင်းစည်း တစ်ခုလျှင် ငွေကျပ် တစ်ထောင်နှုန်းဖြင့် တစ်ဉီးလျှင် နှာခေါင်းစည်း Mask(၁)ခုရောင်းချပြီး (Mask) တပ်ဆင်နည်းလမ်း မှန်ကန်ရေး လက်တွေ့ပြသ၍ တပ်ဆင်စေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)