မကွေးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ တိုးပွားလာစေရေး ဧရာဝတီမြစ်အတွင်း ငါးမျိုးများစိုက်ထည့်

မကွေး သြဂုတ် ၂၇

မကွေးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ တိုးပွားလာစေရန် ရည်ရွယ်၍ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို ယမန်နေ့နံနက် ၈ နာရီက မကွေးမြို့ နန်းထိုက်သူ ဟိုတယ်ရှေ့ ဧရာဝတီမြစ်ကမ်းစပ်၌ ငါးသားပေါက်အကောင်ရေ (၃)သိန်းကျော် စိုက်ထည့်ခဲ့ကြောင်း သိရသည်။

ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို တိုင်းဒေသကြီးဦးစီးဌာနမှူး မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဦးဆောင် ကာ မကွေးခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ငါးမြစ်ချင်းကောင်ရေ (၂)သိန်းနှင့်ငါးခုံး  မကောင်ရေ(၁)သိန်း စုစုပေါင်းငါးကောင်ရေ (၃)သိန်းတို့ကို ငါးမျိုး စိုက်ထည့် ပေးခဲ့ကြ သည်။

ဆက်လက်ပြီး ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဆောင်မှုဖြင့် အင်းသားကြီးများ ရေလုပ်သားများ နှင့်အတူ မကွေးမြို့နယ် အတွင်းရှိ ငါးနေငါးထိုင်တောများအတွင်း ငါးမျိုးများ ဆက်လက်စိုက်ထည့် ပေးခဲ့ကြောင်း သိရ သည်။

သန်းနိုင်ဦး(ငဖဲ)